Thursday, January 8, 2009

လူမိုက်ကြီး

ငါမျိုချလိုက်တယ်
ဆေးခါးကြီးတစ်ခွက်မဟုတ်ပေမယ့်
အဲဒါ အဆိပ်ခွက် ...

ပူလောင်လိုက်တာ
ခန္ဓာကိုယ်တစ်ခုလုံးသာမကဘူး
စေတသိက်အထိကို ...

သေလောက်အောင်ခံစားရတော့မယ်
ချက်ချင်းကြီးတော့မဟုတ်ဘူး
တစ်ဘ၀လုံးတမြေ့မြေ့ ...

ဝါးပင် ...
ငှက်ပျောပင် ...
အဿထိုရ်မြင်းမ ...
ငါ.......

ခံလိုက်ပေါ့လေ
ခံလိုက်ပေါ့
မင်းခံလိုက်ပေါ့ ...

1 comment:

လမ်းပြကြယ်လေး said...

အစ်ကိုရေ
ကဗျာလေးတွေ သဘောကျတယ်
ဆက်ပြီးတော့ များများရေးနိုင်ပါစေ
ကျွန်တော်ကတော့ ခံစားချက်ရှိမှ ပဲ ရေးတတ်တော့တယ် ကဗျာကို