Showing posts with label ခံစားသူအကြိုက်. Show all posts
Showing posts with label ခံစားသူအကြိုက်. Show all posts

Sunday, January 11, 2009

ပညာမရှိသောသူဌေးသားအကြောင်း နှင် ကျွန်တော့်ခံစားချက်

ပြာသိုလပြည့် အမေနေ့  အတွက်ရယ်ဆိုပြီးတော့ရေးတာမျိုးမဟုတ်ပါဘူး။ဒီအကြောင်းအရာလေးကို ရေးချင်နေတာကြာပါပြီ။အကိုးအကားလေးကို ရှာလို့ မရသေးလို့ ပါ။ အဲဒါလေးကို တာရာမင်းဝေလဲရေးခဲ့ဘူးပါတယ်။ သူရေးတာကို ဖတ်ခဲ့ဖူးတဲ့နောက် အရမ်းကို သဘောကျခဲ့တာပါ။ ဒါပေမယ့် ဖတ်ထားတာလဲကြာပြီဆိုတော့ သူ့ စာတွေလဲမေ့ကုန်ပါပြီ။ ဒီတော့ ကိုယ့်စာနဲ့ ကိုယ်စကားနဲ့ကိုယ်ပဲရေးရတော့မှာပေါ့။
အခြားမဟုတ်ပါဘူး။ မြန်မာလူမျိုးတိုင်းသိကြတဲ့ မူလတန်းသင်ရိုးပါ ဆားတုံဆရာတော်ရေးသားထားတဲ့ ပညာမရှိသော သူဌေးသားအကြောင်းပါ။ ကျွန်တော်ငယ်ငယ်တုန်းကတော့ ဒီကဗျာလေးကိုသင်ခဲ့ရတဲ့အချိန်က ပညာမဲ့ခြင်းရဲ့ အပြစ်ကို အထိတ်တလန့် နဲ့ သိခဲ့ရပါတယ်။ ဒါပေမယ့် တာရာမင်းဝေရဲ့ အမြင်ကလေးကို သိသွားရတဲ့အချိန်မှာ..... (သို့ ) ဘ၀ရဲ့ ဒုက္ခတွေနဲ့ ကြုံတွေ့ ရတဲ့အခါမှာတော့...............



“ရှေးသရောအခါ၊ ပြည်ဗာရာဝယ်
ကုဋေကြွယ်သား၊ သူဌေးအားလျှင်
သားတစ်ယောက်ဖြစ်”
ဗာရာဏသီပြည်ကြီးတွင် ကုဋေပေါင်းမြောက်များစွာကြွယ်ဝသော သူဌေးကြီး ၌ တစ်ဦးတည်းသောသားတစ်ယောက်ရှိလေ၏ပေါ့ဗျာ။
“ချစ်၍တစေ၊ အိမ်မှာနေ၍
စာပေမကျ” တဲ့ 
သူဌေးကြီးက သူ့ သားကိုချစ်လို့  အိမ်မှာပဲနေစေပြီး ပညာသင်မပေးခဲ့လို့ ကလေးခမျာ စာပေမတတ်ဆိုပါလား။ သနားစရာကောင်းလိုက်တဲ့ကလေး။
“မိဘစုတေ့ ၊ ခန္ဓာရွေ့ သော်
အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ
မသိပါငြား၊ သူဌေးသားသည်”
ဒီလိုမိဘတွေအသက်ထင်ရှားရှိစဉ်က သားသမီးကိုချစ်လွန်းလို့  ပညာသင်မခိုင်းရက်ခဲ့တော့ မိဘတွေ
မရှိတဲ့နောက် သူဌေးသားခမျာ တော်တော် အခက်အခဲတွေဖြစ်ခဲ့ရတယ်။ ဘာဆိုဘာမှ မတတ်သိခဲ့တော့ဘူးလေ။သူဘယ်လောက် ဒုက္ခပင်လယ်ဝေခဲ့ရမလဲ။
သိုထားမတတ်၊ အရပ်ရပ်၌
အပ်နှံဥစ္စာ၊ရှိသည့်ငှာကို
များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ
ူယူ၍ပြေးရှောင်”

ရက်စက်လိုက်တဲ့လောကကြီး ။ မိဘတွေရှိစဉ်ကောင်းစားစဉ်အခါတုန်းက ကိုယ့်လက်အောက်မှာ အလုပ်လုပ်ကြတဲ့ကျွန်တွေကအစ အားလုံး အားလုံးဟာ မိဘလဲမရှိ ပညာလဲမတတ်တဲ့ လူငယ်လေးအပေါ်ကို နည်းနည်းလေးမှမထောက်ထား။ ရှိသမျှဥစ္စဓန အားလုံးကို နည်းအမျိုးမျိုးနဲ့  လိမ်လည်လှည့်ဖြားပြီး ယူဆောင်ထွက်ပြေးကြသတဲ့ ။ သူဌေးသားမှာ စားစရာမရှိတော့အခြေအနေကိုတောင် ရောက်ခဲ့ရပြီ။
“အိမ်ကိုရောင်းလျက်၊ ထောင်းထောင်းကြေကာ
ခွက်လက်စွဲကာ တောင်းစားပါလည်း”

သူ့ မှာစားစရာမရှိတော့ ရှိတဲ့အိမ်ကိုရသလောက်နဲ့  ရောင်းတယ်။ လူတွေက တော့ ဈေးနှိမ်ပြီးဝယ်ကြမှာပါ။ ရောင်းလို့ ရတဲ့ ပိုက်ဆံတွေကုန်သွားလဲ သူတပါးဆီက ခိုးမစားဘူး၊ လိမ်မစားဘူး။ သူရိုးရိုးသားသားပဲ တောင်းစားပါတယ်။ သူဌေးသားတစ်ယောက် ခွက်စွဲပြီးတောင်းစားတာ နည်းတဲ့ သတ၊္တိ နည်းတဲ့ မာနမဟုတ်ဘူးနော်။
“နင်သာလူမိုက်၊ ဒုစရိုက်ဟု
ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ
တောမှာသေသည်၊ ကောင်သေလင်းတ
ကျ၏သတည်း”
သူ့ ဟာသူ ရိုးရိုးသားသားတောင်းစားတဲ့သူတစ်ယောက်ကို လူမိုက်လို့ ဆိုပြီး ရိုက်လိုက်ပုတ်လိုက်ကြနဲ့  ရွာ့ အပြင်ဘက်ကိုတောင် နှင်ထုတ်လိုက်ကြသတဲ့ ။ မပေးချင် မကျွေးချင်ရင် မပေးမကျွေးနဲ့ ပေါ့ဗျာ။ ခုလို ရိုက်ပုတ်မောင်းနှင်လွှတ်တာမျိုးတော့ တစ်ဆိတ်လွန်လွန်းပါတယ်။ သူဌေးသားခမျာ သေတာတောင် လူချင်းတူတူမသေရ၊ တောထဲမှာသေပြီး လင်းတကျပြီးသေရသတဲ့။
ကဲ......... ဘယ်လောက်များရင်နာစရာကောင်းတဲ့အဖြစ်လဲ။ မိဘတွေရဲ့ သားသမီးကိုမချစ်တတ်တဲ့ ကိစ္စလေးတစ်ခုအတွက် ဘာမှ တတ်သိနားလည်ခြင်းမရှိတဲ့ ကလေးတစ်ယောက် ဘ၀ပျက်သွားခဲ့ရတယ်။
ကျွန်တော်တို့ ရွာဘက်က ဆွေမျိုးနီးစပ်တော်တဲ့ ဦးလေးတစ်ယောက်ရှိတယ်။ သူ ပညာမတတ်ပါဘူး။ ဒါပေမယ့် သူ့ ရဲ့ ကံ၊ ညဏ်၊ ၀ီ၇ိယကြောင့် သူဟာ မန္ထလေးမြို့ မှာ ကားဂိတ်တွေ၊ အဝေးပြေးကုန်တင်ကားတွေ ပိုင်ဆိုင်ပြီး ချမ်းသာလာတယ်။ သူ့ မှာသားနှစ်ယောက်ရှိတယ်။ မန္ထလေးမှာမွေးပြီး မန္ထလေးမှာ ကြီးပြင်းတဲ့ သူ့ သားနှစ်ယောက်ကို သူက ဘယ်လိုဆုံးမတုန်းဆိုတော့ “ပညာတတ်စရာမလိုပါဘူး၊ ပညာမတတ်လဲ ဘာမှမဖြစ်ဘူး၊ ငါတောင် ပညာမတတ်ဘဲ ချမ်းသာလာခဲ့တယ်” တဲ့ ။သူကတော့ရွာမှာကြီးပြင်းခဲ့တာ။ ပျက်စီးစရာလမ်းစဆိုတာ အလွန်ဆုံးရှိလှ ရွာက ထန်းတောနဲ့ အရက်ဝိုင်းပေါ့။ ဒါပေမယ့် သူ့ သားနှစ်ယောက်ကတော့ ပျက်စီးစရာတွေများပြားလှတဲ့ မြို့ ကြီးပြကြီးမှာ ကြီးပြင်းရတာလေ။ အဖေကလဲ ချမ်းသာတော့ သားနှစ်ယောက်ဟာ ၁၀တန်းတောင်မအောင်ရှာပါဘူး။ အရက်သောက်၊ဖဲရိုက်၊ မိန်းမပွေနဲ့ နောက်ဆုံး ဘိန်းရှုပြီးသေသွားကြရရှာသဗျား။ သားတစ်ယောက်ဟာဆိုရင်လဲအိမ်ထောင်နဲ့ ဆိုတော့ ကျန်ရစ်ခဲ့တဲ့ သူ့ မိသားစု။ ဖခင်ရဲ့ အတွေးအခေါ်လေးတစ်ချက်က အများကြီးကို နစ်နာဆုံးရှုံးသွားခဲ့ ရပါကလား။
လူငယ်တွေဆိုတာ ငယ်စဉ်ကတည်းက မိဘနဲ့ နေခဲ့ကြရတာဆိုတော့ သူ့ ရဲ့ အပြုအမူသူတို့ ရဲ့ စရိုက်တွေဟာဆိုရင် မိဘတွေနဲ့ တိုက်ရိုက်ပက်သက်နေတာပါ။ ပြီးတော့ သူ့ ရဲ့ ဘ၀ရှေ့ ရေးဟာဆိုရင်ဖြင့်မိဘတွေရဲ့ လက်ထဲမှာရှိတာပါ။
တချို့ မိဘတွေရှိပါတယ်။ ရှေးအယူအဆကြီးတွေမစွန့် နိုင်။ ခေတ်ကိုလဲ အမီမလိုက်။ သားသမီးရဲ့ ပညာရေးကိုတောင် ပိတ်ပင်တဲ့ မိဘတွေရှိတယ်ဆိုရင် ယုံနိုင်မလား။
ဒီတော့ကာ မြန်မာနိုင်ငံမှာရှိတဲ့ မိဘတွေကို သားသမီးကိုဘယ်လိုပုံသွင်းပြီးဘယ်လိုအမွေမျိုးပေးရမယ်ဆိုတဲ့ ပညာပေးတွေများများလုပ်ပေးဖို့ လိုပါတယ်။ သားသမီးကို လိမ္မာရေးတရားရှိအောင်၊ ညဏ်စဉ်ပွင့်လင်းအောင် အခြေခံမျိုးစေ့ ကောင်းတွေချပေးနိုင်မှ သားကောင်းသမီးကောင်းတွေ ပေါ်ထွန်းလာနိုင်မှာပါ။ သားကောင်းသမီးကောင်းတွေဖြစ်လာမှတော့ မိဘကိုကျေးဇူးကိုသိပြီး မိဘကိုပြုစုလုပ်ကျွေးဖို့ ဆိုတာကို သူတို့ ပညာနဲ့ သူတို့  အလိုလိုတတ်သိနားလည်မှာပါ။ ဘာစာပေဘာစကားတွေနဲ့ မှ လှုံ့ဆော်ပေးစရာတောင်လိုမယ်မထင်ပါဘူး။
မြန်မာဗွီဒီယို ရုပ်ရှင်တော်တော်များများကို ကြည့်တဲ့ အခါမှာ မိသားစုတစ်စုကို ရိုက်ပြတယ်။ အဲဒီမှာ ပညာတတ်သားသမီးတွေကြားထဲမှာ ပညာမတတ်တဲ့ သားတစ်ယောက်ကိုထည့်ရိုက်ထားတယ်။ သိကြပြီးဖြစ်တဲ့ အတိုင်း။ အဲဒီတစ်ယောက်ကမင်းသားပေါ့။ ဒီတော့ ဘာကိုရိုက်ပြလဲဆိုတော့ ပညာတတ်သားသမီးတွေရဲ့မိဘအပေါ်မသိတတ်မှူ၊ယုတ်မာမိုက်ရိုင်းမှူ၊၊ ပညာမတတ်တဲ့သား( မင်းသား) ရဲ့ တတ်သိနားလည်မှူ။ ဒီတော့ ရိုးသားပြီး အသိပညာနည်းပါးတဲ့ မြန်မာမိဘအများစုက ဘာကိုနားလည်တုန်းဆိုတော့ ပညာတတ်ရင် မိုက်ရိုင်းတယ်တဲ့ ။ ပညာမတတ်မှ လိမ္မာရေးတရားရှိတယ်တဲ့ ။ မယုံမရှိနဲ့ နော်။ အဲဒါလက်တွေ့ ။
တစ်ခုရှိသေးတယ်။ ချမ်းသာတဲ့ သားသမီးနဲ့ ဆင်းရဲတဲ့ သားသမီးနဲ့ ယှဉ်ရိုက်ပြတဲ့ အခါ၊ ဆင်းရဲသားလေးခမျာ မိဘကို ကူညီလုပ်ကိုင်ပြီး ကျောင်းစာကိုကြိုးစားသတဲ့ ။ ၁၀တန်းကိုလဲ ဂုဏ်ထူးတွေတသီကြီးနဲ့ အောင်မြင်သွားကြတယ်။ ချမ်းသာတဲ့ သားသမီးများခမျာမှာတော့ ၁၀တန်းကို တဘုန်းဘုန်းကျ။ ကဲ....အဲလိုကိစ္စမျိုးကြီးတွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ဘယ်လိုဖြစ်နိုင်ပါ့မလဲဗျာ။
ဒီလိုကားမျိုးတွေ ရိုက်ပြမယ့်အစား ပညာတတ်သားသမီးတွေရဲ့အတွေးအခေါ်မြင့်မားမှူ ၊ လူနေမူ့ ဘ၀မြင့်မားမူ၊ မိဘအပေါ်နားလည်သိတတ်မှူဒါတွေကိုရိုက်ပြပါလား၊ ပြီးတော့ ပညာမဲ့ တွေရဲ့ မဆင်မခြင်မိုက်ရူးရဲဆန်မှူ၊ နောက်ဆုံးဘ၀အမှောင်ထဲကို ရောက်သွားမှူ ။ ဒါတွေကိုနားလည်အောင်ရိုက်ပြနိုင်ရင် မြန်မာပြည်မှာရှိတဲ့ မိဘတွေပညာရေးရဲ့တန်ဖိုးကိုသိမယ်။ ကိုယ့်သားသမီးကို ဘယ်လိုပုံစံသွင်းဆုံးမရမယ်၊ ဘယ်လိုမျိုးလမ်းညွန်ပြုစုပျိုးထောင်ရမယ်ဆိုတာနားလည်သွားကြမှာပါ။ ဒီလိုသာဆိုရင် မိဘတွေဟာ သားကောင်းရတနာလေးတွေကို အများအပြားမွေးထုတ်ပေးနိုင်မှာပါ။ မြန်မာနိုင်ငံကြီးအတွက်လဲ တိုးတက်ရာတိုးတက်ကြောင်းပေါ့ဗျာ။
ကဲဗျာ.... ဒီလောက်ဆိုရင်ကျွန်တော်ဘာပြောချင်လဲဆိုတာ သိလောက်ရောပေါ့ဗျာ။
ကျေးဇူးတင်ပါတယ်။

Sunday, December 14, 2008

ဆောင်းတစ်ည

မင်္ဂလာဧည့်ခန်းမတွင် ဧည့်ပရိတ်သတ်တို့ စုံလင်စွာရောက်ရှိနေကြပြီ။ အားလုံး၏စိတ်ဝင်စားရာသည် သတို့ သားနှင့်သတို့ သမီးဝင်လာမည့် ခန်းမပေါက်ဝဆီသို့ သာ။ ခန်းမအ၀င်ပေါက်၏အဝေးဆုံးဒေါင့်တစ်နေရာတွင် တစ်ဦးတည်းထိုင်နေသောလူငယ်၏ မျက်လုံးများကလည်း ခန်းမပေါက်ဝဆီသို့ သာ...ထူးခြားတာကတော့ သူ၏မျက်လုံးအစုံတွင် စိုးရိမ်လွန်ကဲမှူတွေအပြည့်နှင့်... သူဘာကိုစိုးရိမ်နေတာလဲ..... သူနှင့်သတို့သမီးတို့ နှစ်ဦးသာသိကြပါသည်။

+ + + + + + + + + + + +

မိတ်ကပ်လိမ်းဆရာစိတ်ညစ်နေသည်။ သတို့ သမီးသည်မျက်ရည်ခဏခဏကျနေသည်။ သူမဘာကိုတွေးနေသလဲဆိုတာကို အတွေ့ အကြုံအရသူသိသည်။ သူမ၏ချစ်သူကိုသတိရနေလို့ နေမှာပေါ့။ ခုလက်ထပ်ရမယ့် သတို့ သားကို သူမ မစုံမက်လို့ နေမှာပေါ့။ ဒါမျိုးတွေက ရိုးနေပါပြီ။

+ + + + + + + + + + + +

တစ်သက်တွင်တစ်ခါသာချစ်မြတ်နိုးရသူ။ သူက ကျမအပေါ်အရိပ်တကြည့်ကြည့်နဲ့ ချစ်မြတ်နိုးသတဲ့။ အရာရာကိုခံစားလွယ်ပြီး စိတ်ထဲရှိတာကို မျက်နှာတွင် ထင်းခနဲပေါ်နေစေတတ်သော ကျမကို သူစိတ်ချဘူးတဲ့။
ခုချိန်ဆို ကျမကို အမြဲဂရုစိုက်ပြီးချစ်မြတ်နိုးတဲ့ မောင်တစ်ယောက် ဧည့်ခန်းမထဲတွင် ရောက်နေပြီပေါ့။ ကျမအတွက်စိုးရိမ်လို့ တဲ့လေ။ နောက်ဆုံးအချိန်လေးအထိကျမကို လိုက်ပြီးစောင့်ရှောက်ပေးချင်တဲ့ မောင့်ရဲ့အချစ်ကို ကျမနားလည်ပါတယ် မောင် ။ ဒါပေမယ့် မောင်ရယ် .................. မောင့်မျက်နှာကိုမြင်ရင် ကျမပိုပြီးခံစားရမယ်ဆိုတာ မောင်တစ်ယောက်မသိလေရော့သလားကွယ်။ ကျမက မောင်မဟုတ်ဘူးလေကွယ်။ မောင့်လို ဟန်ဆောင်တတ်ဘူး။ ခံစားမှူကို မျက်နှာမှာ မပေါ်လွင်အောင်မထိန်းသိမ်းနိုင်ဘူးလေ မောင်ရဲ့။ မောင်ပြောဘူးတာမှတ်မိပါတယ်။ မောင့်ဘေးမှာကျမရှိနေတယ်ဆိုတဲ့အသိကလေးက မောင့်ရဲ့စိတ်ဆန္ဒကိုပြည့်ဝစေပါသတဲ့ ။ ကျမကတော့မောင်နဲ့မတူပါဘူး။ မောင်သာကျမဘေးမှာ ကျမအသိထဲမှာရှိနေတဲ့အချိန်မှာ ကျမရဲ့အာရုံက ဘာကိုမှ အလုပ်လုပ်လို့ မရပါဘူး။ ဒီတော့မောင်ရယ် ကျမရှေ့ မှာ ဆိုတာထက်ကို ကျမရှိနေတဲ့ မြေပေါ်မှာကို မောင့်ကိုကျမ ရှိမနေစေချင်တာပါ။ အခုလိုမျိုးအခါသမယမှာ ကျမရဲ့အတွေးထဲ အာရုံထဲကနေ မောင့်ကို အတင်းထုတ်ထားရမှာလေမောင်။ကျမက ကျမရဲ့ သတို့ သားနဲ့ တွဲပြီး အများဗိုလ်ပုံအလယ်မှာ ၀မ်းသာပျော်ရွှင်ဟန်ဆောင်နေရမှာလေ ကျမရဲ့ စိတ်ကို မောင်မဖတ်တတ်လေရော့သလားကွယ်။ အရာရာကို အကောင်းဆုံးဖြစ်အောင်သာ လုပ်တတ်တဲ့ မောင်က မောင်သိပ်ချစ်တဲ့ကျမအတွက် နောက်ဆုံးအချိန်ထိ အကောင်းဆုံးဖြစ်အောင်လုပ်ပေးနေပေမယ့် ကျမရဲ့စိတ်ကို မောင်မဖတ်တတ်လေရော့သလားကွယ်။

+ + + + + + + + + + + +

မင်္ဂလာကားငယ်သည် ခန်းမရှိရာ ခြံဝင်းအတွင်း တဖြည်းဖြည်းလှိမ့်ဝင်၍ လာချေပြီ။ ကင်မရာဆရာလေးသည် အကောင်းဆုံး ဓာတ်ပုံကိုရရန်အတွက် ဟိုးဘက်ချိန်လိုက် ဒီဘက်ချိန်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ ဟာ....... သတို့ သမီး .. သတို့ သားလက်လှမ်းပေးနေတာကို ဆွဲယူလိုက်လေ ။ ခန်းမထဲက ပရိတ်သတ်က ဘယ်မှမပြေးပါဘူးဗျာ။ ခင်ဗျားတို့ ကိုပဲ စောင့်နေတာပါ။သတို့ သားရဲ့မျက်နှာကိုကြည့် ။ ဟာ နည်းနည်းလေးပြုံးပေးပါ။ ဘယ်လိုသတို့ သမီးပါလိမ့် ။


+ + + + + + + + + + + +

သူမ မျက်နှာလေးသည် အရမ်းကို အပြစ်ကင်းစင်လှသည်။ သူမပျော်ရွှင်နေသောအချိန်တွင် အရမ်းချစ်စရာကောင်းသောကလေးတစ်ယောက်အသွင်ရှိ၍ သူမညှိုးငယ်နေသောအချိန်တွင် ထွေးပိုက်ချော့မြူချင်စိတ်ကို မထိန်းနိုင်အောင် သူမသည်ဆွဲဆောင်မှူအပြည့်ရှိသည်လေ။ သူမကို ကျွန်တော်အရမ်းချစ်ခဲ့သည်။ ဒါကြောင့်လဲ သူမငြင်းပယ်သည့် ကြားထဲက သူမကို မရ ရအောင်လက်ထပ်ရန်ကြိုးစားခဲ့သည်။ ခုတော့ သူမမျက်နှာလေးသည် အရမ်းသနားစရာကောင်းလောက်အောင် ပျက်ယွင်းနေပေပြီ။ ကိုယ်မှားသွားပြီလား။


+ + + + + + + + + + + +

မောင် ကျမကိုစိတ်မချလို့  ဧည့်ခန်းမထဲက ထွက်လာပြီ။ မောင့်ကို ကျမမြင်ရပြီ။ မောင့်မျက်နှာလေးက ကျမကို အားတင်းထားပါကွယ်ဟု ပြောနေသယောင်။ ကျမလက်ကို ဆွဲကိုင်ထားသော သတို့ သားကိုမော့ကြည့်မိသည်။ ယူကျုံးမရဖြစ်နေသော အသွင်ကထင်ရှားနေသည်။ ကျမ ပြိုလဲတော့မည်။ အို...... အားတင်းထားစမ်းပါ။ အားလုံးအတွက်လေ။
မရဘူး။ ကျမ မရတော့ဘူး။ မောင်..... နောက်ဆို၇င် မောင့်ကို ကျမချစ်တယ်ချစ်တယ်လို့  ပြောခွင့်၇တော့မှာမဟုတ်ဘူး။ မောင့်အသံသြရှရှလေးနဲ့  ကျွန်တော်အရမ်းချစ်တယ်ဗျာ ဆိုတာကို ကျမကြားခွင့်ရတော့မှာ မဟုတ်ဘူး။ ကျမ မချစ် တဲ့ သူရဲ့ရင်ခွင်မှာ ဘာမှန်းမသိသော အိမ်ထောင်ရေးနှင့် ဘ၀ကိုဖြတ်သန်းရတော့မည်။ ကျမထွက်ပြေးချင်ပြီ။ ပြေးချင်ပြီ။ ပြေးပြီ။ ကျမနောက်က မလိုက်ခဲ့ပါနဲ့ ။ ဘယ်သူမှမလိုက်ခဲ့ပါနဲ့ ။ အားလုံးနဲ့ ဝေးရာမှာပဲနေပါ့ရစေ။ မောင့်ရဲ့ အသံကို ကြားလိုက်ရသည်။ '' လမ်းကိုမကူးနဲ့  လမ်းကိုမကူးနဲ.....့  ရှေ့ မှာ.....ကား........ ကား.............''
ကျမစူးရှစွာ အော်လိုက်မိသည်။


+ + + + + + + + + + + +

ရင်ဘတ်တစ်ခုလုံးနာကျင်နေသည်။ အပြင်ဘက်တွင်လည်း အရမ်းအေးနေသည်။ သြော် ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်တဲ့ ။ မောင့်ကို လွမ်းနေတယ်မောင်........



" နှလုံးသား၏တစ်ထောင့်တွင်" မှ သင့်လျော်အောင်ဘာသာပြန်ထားပါသည်။
ကျေးဇူးတင်ပါသည်။

Wednesday, October 1, 2008

ဘ၀တဏှာ

အရင် ကျွန်တော်တက္ကသိုလ်တက်စဉ်က တည်းခိုခဲ့ဘူးတဲ့ ဘုန်းကြီးကျောင်းက ဦးဇင်းတစ်ပါးနဲ့ စကားစပ်မိစပ်ရာပြောကြရင်း ကျွန်တော်သိချင်တဲ့အကြောင်းအရာလေးကို ဦးဇင်းက ပုံပြင်ကလေး ဇာတ်ကြောင်းလေးနဲ့ ပြောပြပါတယ်။ မျှဝေပေးမယ်နော်။
ဟိုးအရင်က သိကြားမင်းကြီးဟာ သူစုတေပြီးတဲ့နောက် ဘယ်ဘုံဘ၀မှာရောက်မလဲလို့ သူ့ ရဲ့အဘိညဉ်တန်ခိုးနဲ့ ကြည့်လိုက်တဲ့အခါ အလိုလေးလေး သူဟာနောက်ဘ၀မှာ ပုတ်သိုးပွဟောင်နံစော်နေတဲ့နေရာကြီးတစ်ခုမှာ လောက်တစ်ကောင်ဖြစ်မယ်ဆိုတာကိုကြိုတင်သိရှိသတဲ့။ ဒီတော့သိကြားမင်းကြီးဟာ အင်မတန်မှကြောက်ရွံ့ပြီးတော့ ဘာလုပ်သတုံးဆိုတော့ လူ့ ပြည်ကိုဆင်း၊ မုဆိုးကြီးတစ်ဦးနဲ့ သွားတွေ့ ပြီးတော့ မုဆိုးကြီး......... ကျုပ်ဟာဆိုရင်ဖြင့် ဘယ်အချိန် ဘယ်အခါ ဘယ်နေရာမှာ တော့ လောက်ကြီးတစ်ကောင်ဖြစ်လိမ့်မယ်။ ကျုပ်အဲဒီဘ၀ကို အရမ်းစက်ဆုတ်တယ်။ ဒီတော့ အဲဒီအချိန်ကျရင် ကျုပ်ကိုလာပြီး လေးနဲ့ လာခွင်းလှည့်ပါ ။ ဒီအတွက်ကျေးဇူးဆပ်ပါ့မယ်ဆိုပြီး ရွှေစင်တွေ အမြောက်အများပေးခဲ့သတဲ့။
ဒီလိုနဲ့  အချိန်အခါရောက်လာလို့ စုတေပြီးတဲ့အခါမှာ သိကြားမင်းကြီးဟာ လောက်ကြီးတစ်ကောင်ဖြစ်သွားတယ်တဲ့လေ၊၊ မုဆိုးကြီးကလဲ သူပေးထားခဲ့တဲ့ ကတိရှိတဲ့အတိုင်း လေးနဲ့ ပစ်ဖို့ ရောက်လာတာပေါ့။ မုဆိုးကြီးကလဲ လောက်ကြီးကိုလေးနဲ့ ချိန်။ ဒီအချိန်မှာလောက်ကြီးကတုန်လှုပ်ချောက်ခြားပြီးဘာပြောသလဲဆိုတော့ မုဆိုးကြီးရယ် အသက်ကိုချမ်းသာပေးပါဗျာ ၊ ပေးထားခဲ့တဲ့တာဝန်တွေ ဂတိတွေကိုလဲမေ့ လိုက်ပါတော့၊ ကျုပ်ကိုမသတ်ပါနဲ့တော့လို့ ပြောလိုက်သတဲ့။ အဲဒီတော့မုဆိုးကြီးလဲ အရမ်းကို အံ့သြပြီးတော့ဘာဖြစ်လို့ ပါလဲ အသင်လောက်ကြီးလို့ သိချင်စိတ်နဲ့မေးတာပေါ့။ လောက်ကြီးပြန်ဖြေတာက " မုဆိုးကြီး... ငါ အရင်သိကြားမင်းဘ၀ကိုစံစားစဉ်က တစ်ဖက်ကို နတ်သမီးလေးငါးရာနဲ့ သာ စံစားရတာ။ ခုဆို ငါ့ဘေးမှာ လောက်ငယ်၊လောက်ပျို၊လောက်မကြီးတွေ သန်းနဲ့ ချီပြီးတော့နေရတယ်။ ဘယ်လောက်များပျော်စရာကောင်းလိုက်သလဲတဲ့ ။"
သတ္တ၀ါတွေဟာ ကိုယ်ရောက်ရှိရာဘ၀လေးကို တပ်မက်တွယ်တာမက်မောကြတယ်။ သာယာနေတတ်ကြတယ်။ အဲဒါကို ဘ၀တဏှာလို့ ခေါ်တာပေါ့ဗျာ။
ဘ၀တဏှာတဲ့ ............. လိုချင်စမ်းပါဘိ။