အချစ်တဲ့။
ဘယ်သူမဆိုအချစ်ဆိုတဲ့အရာကို လိုချင်ကြတယ်။
အဲဒီအချစ်ကို ရတဲ့သူတွေရှိသလို မရရှိခဲ့တဲ့သူတွေလဲရှိတယ်။
ရရှိပြီးမှ မထိန်းသိမ်းတတ်လို့ ၊ တန်ဖိုးမထားတတ်လို့ အချစ်နဲ့ဝေးသွားကြတဲ့သူတွေရှိသလို လုံးဝလက်လွတ်ဆုံးရှုံးလိုက်ရတဲ့သူတွေလဲ ဒုနဲ့ဒေးပါ။
တကယ်တမ်းတွေးကြည့်တော့ အချစ်ဆိုတာဘာလဲ။ ကျွန်တော်သိထားတဲ့ အချစ်ဆိုတာကတော့ ဘာမှ မဟုတ်ပါဘူး။ အချစ်ဆိုတာ အချစ်ပါပဲ။ တကယ်တမ်းတစ်ယောက်ကိုတစ်ယောက် ရင်ထဲအသည်းထဲကနေ နင့်နင့်ကာကာကို ချစ်နေကြပြီဆိုရင်ဖြင့် အချစ်ဆိုတာကို အဓိပ္ပါယ်ဖွင့်လို့ မရတော့ပါဘူး။ အဲဒီအချစ်ဟာ ကိုယ့် ရဲ့ အယူအဆတွေ ကိုယ့်ရဲ့ အတ္ထတွေ ကိုယ့်ရဲ့မာနတွေကိုတောင် အလိုလိုအရည်ပျော်ကျပျောက်ကွယ်စေပါတယ်။
သူကပိုချစ်တယ်၊ ငါကပိုချစ်တယ်လို့ ထင်နေကြသေးတယ်ဆိုရင် အဲဒါအချစ်မဟုတ်သေးပါဘူး။ တကယ်တမ်းချစ်တယ်ဆိုရင် ချစ်နေရတာလေးကိုက အရသာလေးရှိနေပြီး သူသာတယ် ငါသာတယ်ဆိုတာမျိုးမရှိတော့ဘူး။ နှစ်ဦးနှစ်ဖက်အပြန်အလှန်ချစ်ကြတာပဲဖြစ်ဖြစ်၊ တဖက်သတ်ချစ်နေတာမျိုးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူအတွက် ကိုယ်ဖြည့်ဆည်းပေးလိုက်ရတာ ကိုယ်ပေးဆပ်လိုက်ရတာလေးကိုက ကိုယ့်အတွက် ကျေနပ်ပီတိဖြစ်စရာလေးပါ။ အဲဒီအချစ်မှာပြန်လည်ရလိုမူဆိုတာလဲ ကင်းဝေးနေပါသေးတယ်။ ကိုယ့်ချစ်သူအဆင်ပြေနေရင်၊ ပြုံးပျော်ရွှင်နေရင် ကိုယ်ကအလိုလိုပီတိတွေဖြစ်တတ်ပါတယ်။ ကိုယ့်ချစ်သူမှာကိုယ်နဲ့ မကိုက်ညီတဲ့သဘောတရားတွေ၊ စရိုက်တွေရှိနေတာတောင် အဲဒါလေးတွေကို အပြစ်လို့ မမြင်ဘဲ နားလည်ကျေနပ်နိုင်ပါသေးတယ်။
အချစ်ဆိုတာမျိုးဟာ ရှာဖွေနေလို့ လဲ တွေ့ ရှိနိုင်တဲ့ အရာမျိုးမဟုတ်ပါဘူး။ တစ်ခါတစ်လေ ရင်ထဲကိုရောက်နေတာတောင် မသိလိုက်တဲ့အခါမျိုးလဲ ရှိတတ်ပါတယ်။
အဲလိုအချစ်မျိုးရင်ထဲရောက်နေပြီ၊ ကိုယ်ပိုင်ဆိုင်ထားရပြီဆိုရင် အဲဒီ အချစ်ဆိုတဲ့သစ်ပင်လေး ရင်ထဲမှာ အမြဲရှင်သန်ကြီးထွားနေအောင်၊ အမြဲလန်းဆန်းနေအောင် ပြုစုစောက်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် အဲဒါကို လူတော်တော်များများသတိမထားမိကြဘူး။ မေ့လျော့နေကြတယ်။ဖာသိဖာသာနေကြတာများတယ်။ အချစ်ဆိုတဲ့ သစ်ပင်လေးကို တယုတယတန်ဖိုးထားပြီးထိန်းသိမ်းပြုစုဖို့ ထက် ကိုယ့်ရဲ့ ပင်ကိုယ်ဗီဇ၊ ပင်ကိုယ်ဝါသနာ၊ ပင်ကိုယ်စရိုက်အတိုင်းပဲ နေသွားတတ်ကြတယ်။ ဒါကြောင့်လဲ ရင်ထဲမှာဖွံ့ ဖြိုးစ ပြုနေတဲ့ အချစ်ဆိုတဲ့ သစ်ပင်လေးဟာ တဖြည်းဖြည်း အာဟာရပြတ်လပ်ပြီး သေဆုံးသွားပါတယ်။အဲဒီလို ကျွန်တော်တို့ ဘ၀မှာရခဲလှတဲ့ အချစ်ဆိုတဲ့သစ်ပင်လေးကို ပြုစုဂရုစိုက်ဖို့ မမေ့ ကြပါနဲ့ ။ ဒီလိုဂရုစိုက်တဲ့အခါမှာ ကိုယ့်ရင်ထဲမှာရှိနေတဲ့ အချစ်သစ်ပင်လေးကိုသာမက သူ့ ရင်ထဲမှာရှိနေတဲ့ အချစ်သစ်ပင်လေးကိုပါ နှစ်ဦးနှစ်ဖက်အပြန်အလှန် ဂရုတစိုက်ထိန်းသိမ်းသွားကြမယ်ဆိုရင် ကျွန်တော်တို့ တွေ ပိုင်ဆိုင်ရရှိနေတဲ့ အချစ်ဆိုတဲ့သစ်ပင်လေးဟာ ကျွန်တော်တို့ အသက်ရှိနေသမျှ ရှင်သန်နေမှာပါ။ အဲဒီအချစ်ဆိုတဲ့သစ်ပင်လေးကြောင့်လဲ ကျွန်တော်တို့ တွေရဲ့ နေနေရတဲ့ ဘ၀ကို ကျေနပ်ပီတိတွေဖြစ်နေကြမှာပါ။ ကျွန်တော်တို့ တင်မက ကျွန်တော်တို့ ပတ်ဝန်းကျင်ကလူတွေတောင် အားကျအတုယူစရာအဖြစ်တည်ရှိနေမှာပါ။ အဲလောက်ချစ်စရာကောင်းတဲ့အချစ်ကို တန်ဖိုးထားပြီး ချစ်နေကြသူနှစ်ယောက်စလုံး ဂရုတစိုက်ထိန်းသိမ်းသင့်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာကတော့ သင့်ကြောင့် အချစ်ဆိုတဲ့သစ်ပင်လေး မညှိုးနွမ်း မပျက်စီး မသေဆုံးပါစေနဲ့  လို့ ။
Welcome Back (2015)
9 years ago
No comments:
Post a Comment